ဘာကြောင့် ဝန်ထမ်းလေ့ကျင့်မှုတွေဟာ လက်လီလုပ်ငန်းများအတွက်အရေးကြီးရတာလဲ ?
အကယ်၍ မိတ်ဆွေဟာ တစ်နေ့တစ်ခြား အောင်မြင်လာတဲ့ လက်လီအရောင်းဆိုင် ရဲ့ ပိုင်ရှင် ဒါမှမဟုတ် စီမံခန့်ခွဲရသူ ဖြစ်နေရင်တော့ မိတ်ဆွေတာဝန်ယူရတဲ့ အပိုင်းတွေက များပြားလွန်းလှပါတယ် ။ ပစ္စည်းအမှာစာ လုပ်ရသူ ဟာလည်း ကိုယ်တိုင်၊ ဝန်ထမ်းအသစ်တွေ ခေါ်ယူရတာကလည်း ကိုယ်တိုင် ၊ စာရင်းအင်းတွေ တွက်ချက်ရသူ ဟာလည်း ကိုယ်တိုင်ပဲ ဖြစ်နေမှာပါ။ ဒီထဲမှာမှ ဝန်ထမ်းတွေကို လက်လီအရောင်းသင်တန်းထပ်ပေးရအုံးမယ် ဆိုရင်တော့ တော်တော့် ကို များသွား ပြီလို့ ထင်ရမှာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီအတွေးအမြင်ထက် မှားနိုင်တာ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သင်တန်းကောင်းကောင်း ရထားတဲ့ ဝန်ထမ်းတွေက ရောင်းအားကောင်းကောင်း ကို ရရှိစေနိုင်လို့ ပါ။ဒီ Topic မှာမိတ်ဆွေကို လမ်းကြောင်းမှန် ပေါ်ကို တင်ပေးဖို့အတွက် ဝန်ထမ်းတွေကို ဘယ်လို ထရိန်နင် (Training) ပေးရမယ်ကစလို့ သူတို့ ဆီက အကောင်းဆုံးရလာဒ် တွေကို ဘယ်လိုရအောင် လုပ်ရမယ် ဆိုတာတွေအထိ ဖော်ပြပေးထားပါတယ်။
🔷 အရောင်းဝန်ထမ်း ထရိန်နင် (Training) ကဘာကြောင့် အရေး ကြီးတာလဲ?
အရောင်းဝန်ထမ်းထရိန်နင်ဟာ လက်လီဆိုင်သေးသေးလေးတွေထိ တောင်အရေးပါလှပါတယ်။ မိတ်ဆွေရဲ့ ဝန်ထမ်းတွေကို မိမိတို့ ဆိုင်ရဲ့ ရောင်းသမျှ ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင် စေရုံသာမက လက်လီဆိုင်တွေမှာ ဖြစ်လေ့ရှိတဲ့ ပစ္စည်းခိုးခံရတဲ့ ပြဿနာမျိုးတွေကို ပါ လျော့ကျစေပြီး ရောင်းအားကောင်းစေနိုင်တဲ့ အလေ့အကျင့်ကောင်း တွေပါ ရစေချင်မှာပါ။ ဒီ Topic မှာ လက်လီအရောင်း ဝန်ထမ်းထရိန်နင်တွေကနေ လုပ်ငန်းတစ်ခုလုံးကို ဘယ်လို တိုးတက်စေနိုင်သလဲဆိုတာ ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။
🔷 အရောင်းဝန်ထမ်းထရိန်နင်တစ်ခုကို ဘယ်လိုပြင်ဆင်ကြမလဲ ?
ထရိန်နင်ကောင်းကောင်း တစ်ခုကိုပြင်ဆင်တာဟာ အမြဲတမ်း အချိန်ကုန် အလုပ်ရှုပ်ပြီး ခက်ခဲရမယ်လို့မရှိပါဘူး။ ကိုယ့်ရဲ့စိုက်ထုတ်လိုက်ရတဲ့ အရင်းအနှီးအတွက် အတန်ဆုံးဖြစ်အောင် အောက်ပါအောင်မြင်ပြီးသား အကြံဉာဏ်လေးတွေကို အသုံးချနိုင်ပါတယ်။
🔷 ဝန်ထမ်းတွေကို စည်းကမ်းထိန်းသိမ်းတဲ့အခါမှာ ဘယ်လိုပါးပါးနပ်နပ်နဲ့လုပ်ဆောင်ကြမလဲ ?
တခါတစ်ရံမှာဘယ်လောက်ဘဲအရောင်းထရိန်နင်ကောင်းတွေပေးထားပါစေ၊ ဘယ်လောက်ဘဲစိတ်ခွန်အား တက်ကြွအောင် လုပ်ထားပါစေ၊ တစ်ချို့ဝန်ထမ်းတွေကို စည်းကမ်းထိန်းသိမ်းဖို့ လိုအပ်တတ်ပါတယ်။ ဒီဝန်ထမ်းဟာလုပ်ထုံးလုပ်နည်းတွေသေသေချာချာမလိုက်နာတာဖြစ်နိုင်သလို၊ပိုပြီးဆိုးရွားတဲ့အနေအထားဖြစ်တဲ့ ဖောက်သည်တွေနဲ့ အခြား ဝန်ထမ်းတွေ မလေးမစား ဆက်ဆံခြင်း၊ အနှောက်အယှက်ပေးခြင်း စတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူမျိုး တွေအထိ ဖြစ်နိုင်ပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာ မိမိရဲ့ ခံစားချက်နဲ့ အလုပ်ကို ခွဲထားနိုင်ဖို့ အရေးကြီးလှပါတယ်။ မိတ်ဆွေရဲ့ အစကနေကြိုးစားတည်ဆောက်ထားတဲ့ လုပ်ငန်း(၁)ခုကို တစ်စုံတစ်ယောက်က ဖျက်လိုဖျက်ဆီး လုပ်တဲ့အခါမှာ မိတ်တွေ ဒေါသထွက်နိုင်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဒေါသထွက်လိုက်ခြင်းဟာ မိမိရဲ့ ဝန်ထမ်းနဲ့ ပိုပြီးတစိမ်းဆန်စေပြီး အခြေအနေကို ပိုဆိုးရွားစေမှာပါ။ဥပဒေဘောင်အတွင်းကနေ ပါးပါးနပ်နပ်နဲ့ သမာသမတ်ကျကျလုပ်ဆောင်နိုင်ဖို့အတွက်၊ ဝန်ထမ်း တစ်ယောက်ကို စည်းကမ်းထိန်းသိမ်းရာမှာ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားသင့် ပါတယ်။အဲ့ဒီဝန်ထမ်းကို တာဝန်ယူစိတ်ရှိတဲ့ လူကြီးတစ်ယောက်လို ဆက်ဆံခြင်း ၊ အရွယ်ရောက်ပြီးလူကြီးအများစုဟာ တာဝန်ယူမှုရှိပြီး၊ သူတို့ရဲ့ ပြဿနာတွေကိုသူတို့မျက်စိထဲမှာ မြင်သာလာအောင် လုပ်လိုက်ခြင်းဖြင့် မိမိလိုလားတဲ့ အပြုအမူတွေ ကိုပြောင်းသွားအောင်လုပ်နိုင်ပါတယ်။ ပြဿနာကို ခေါင်းအေးအေးထားရှင်းပြပြီး၊လိုအပ်တဲ့ ထရိန်နင်တွေထပ်မံပေးလိုက်ခြင်းဖြင့်အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။
မိတ်ဆွေရဲ့ အရောင်းဝန်ထမ်းတွေဟာ လက်လီအရောင်းဆိုင်တွေရဲ့အသက်သွေးကြောပါ။ ဘယ်လောက်ဘဲ ပစ္စည်းကောင်းကောင်း၊ ကြော်ငြာတွေကောင်းကောင်း၊ ဗဟုသုတကြွယ်ဝပြီး တက်ကြွလန်းဆန်းပြီး ပုဂ္ဂလဆန်တဲ့ဝန်ထမ်းကောင်းတွေသာ မရှိရင် အလုပ်မဖြစ်ပါဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့ ရောင်းအားတွေကို အနှောက်အယှက်မဖြစ်စေဘဲ ကောင်းနေစေချင်ရင်တော့ မိတ်ဆွေရဲ့ ဝန်ထမ်းတွေကို အချိန်တွေ၊ ငွေတွေ၊ အရောင်းဝန်ထမ်းထရိန်နင်တွေကို လိုအပ်သလို ပံ့ပိုးပေးရပါမယ်။